ဆရာမ မမငြိမ်း
ဆရာမ မမငြိမ်း ရေးသားသူ – ????? တောင်ကြီးရဲ့ ဆောင်းက အေးချမ်းလွန်းတော့ မိုးလင်းလို့ မထချင်ဘဲ စောင်ထဲသာ ဆက်ကွေးနေလိုက်သည်။ ”စိုင်းလေး ထတော့လေ ၁၀ နာရီ ထိုးနေပြီ… မင်း အစ်မကိုလည်း ကားဂိတ်မှာ သွားကြိုလိုက်ဦး..” မငြိမ်း… မမငြိမ်း က အမေ့တူမ.. ကျွန်တော့် တစ်ဝမ်းကွဲ မမ။ အသက် ငါးနှစ်လောက်ကတည်း က မမ အဖေက မိုးကုတ်ကျောက်တွင်းမှာ ကျောက်ပိပြီး ဆုံးသွားသည်။ ထိုစိတ်နဲ့ မမ အမေကလည်း နှလုံးရောဂါဖြင့် ရှေ့ဆင့်နောက်ဆင့်ပင် ထပ်ဆုံးသွားသည်။ ငယ်ငယ်လေးနဲ့ မိဘမဲ့သွားရှာတဲ့ မမကို မေမေက မွေးစားခဲ့ခြင်း ဖြစ်သည်။ လိမ္မာပြီး ကျေးဇူးသိတတ်တဲ့ မမကလည်း မေမေ့ကို ချစ်ကြောက် ရိုသေလေးစားပြီး ကျွန်တော့် အပေါ်လည်း မောင်လေး အရင်းတစ်ယောက်လို ချစ်ခင် ဂရုစိုက်သည်။ မမ ဆယ်တန်းအောင်ပြီးတော့ သူဖြစ်ချင်တဲ့ ဆရာမ ဖြစ်ဖို့အတွက် ရန်ကုန်၌ ဆရာဖြစ် သင်တန်းကျောင်းကို လေးနှစ်တိတိ သွားရောက် သင်ကြားခဲ့သည်။ ခုကျောင်းပြီးလို့ တောင်ကြီးကို အလည်ပြန်လာခြင်း ဖြစ်သည်..။ အတွေးတစ်ချို့နဲ့ ကားဂိတ်ကနေ မမကို စောင့်နေလိုက်သည်။ ဟော ရန်ကုန်ကကား ဆိုက်ပြီ…။ လေး ငါးရောက်လောက် ဆင်းလာပြီးမှ မမ ဆင်းလာသည်။ လွန်ခဲ့တဲ့ လေးနှစ်က ကျတော် ငယ်သေးလို့ သတိမထားမိတာလား.. အိ...